မြန်မာနဲ့ အိန္ဒိယ ပိုမိုပူးပေါင်းနေ


2018.12.25
india-myanmar-president-622.jpg အိန္ဒိယသမ္မတ ရမ်နက်ကိုဗင့်နဲ့ မြန်မာသမ္မတ ဦးဝင်းမြင့် တို့ကို နေပြည်တော်မှာ ၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတွေရစဉ်
Photo: Myanmar President Office

မန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတရပ်မှာ ဖေါ်ပြပါတယ်။

နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၂၀ လောက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး အိန္ဒိယစစ်ဘက်ထိပ်တန်းကိုယ်စားလှယ် ၇၈ ဦးလည်း မြန်မာနိုင်ငံကို ရောက်ရှိလာ ပါတယ်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ တပ်အရာရှိတွေတင်မက ဇနီးသည်တချို့ပါ ပါဝင်တယ်လို့ အိန္ဒိယသံရုံး ကပြောပါတယ်။

လက်ရှိမှာမြန်မာနိုင်ငံဟာ တရုတ်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့ အခြေအနေကို အိန္ဒိယအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို တုံ့ပြန်နိုင်ဖို့ အိန္ဒိယအနေနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံစစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေထဲမှာ အိန္ဒိယကနေ ပြည်နယ်ခွဲထွက်ဖို့ ဆောင်ရွက်နေတဲ့ သူပုန် တပ်ဖွဲ့တွေအရေးလည်း ပါဝင်ပါတယ်။ ဒီအဖွဲ့တွေထဲကတချို့ဟာ မြန်မာမြေပေါ်မှာ လေ့ကျင့်ရေးစခန်းတွေ တည်ဆောက်ထားတယ်လို့ အိန္ဒိယဘက်က ယုံကြည်နေတာလည်းဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။