စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

2013.01.21
indian_army_305 အိန္ဒိယ စစ်တပ်
Photo: jobsonchoice.com

အဓိကအနေနဲ့ အိန္ဒိယ-မြန်မာ ကုန်းတွင်းနယ်စပ်နဲ့ ပင်လယ်ပြင်ရေပိုင်နက် နယ်နိမိတ်တွေမှာ သူပုန်အဖွဲ့တွေနဲ့ တခြားကျူးကျော်မှုတွေ၊ ရာဇဝတ်မှုတွေ ကင်းရှင်းရေးအတွက် ကင်းလှည့်လုပ်ငန်း အစီအစဉ်တွေ တိုးတက်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

မိမိတို့ပိုင်နက်အတွင်း တပါးသူက ဝင်ရောက်ကျူးကျော်ခွင့်မပြုဖို့လည်း နှစ်နိုင်ငံသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယကနေ ခွဲထွက်ရေးသူပုန်အဖွဲ့တွေဟာ မြန်မာနယ်စပ်အတွင်း ခိုအောင်းနေပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အတွက် မြန်မာအစိုးရရဲ့ အကူအညီကို အိန္ဒိယက တောင်းခံနေခဲ့ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်ကို တရုတ်ကဝင်ချင်နေတဲ့အပေါ် အိန္ဒိယကစိုးရိမ်နေတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၁ရက်ကနေ ၂၂ရက်အထိ နေထိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။