ဗုဒ္ဓဂါယာ ဗုံးကွဲမှု အိန္ဒိယအစိုးရ ရှုတ်ချ


2013.07.08

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် န်ကြီးချုပ် မန်မိုဟန်ဆင်းက ရှုတ်ချလိုက်ပါတယ်။

အခုလို ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ နယ်မြေတွေကို အကြမ်းဖက်တိုက်ခိုက်တာဟာ ဘယ်လိုမှ သည်းခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း မန်မိုဟန်ဆင်းက ပြောလိုက်ပါတယ်။

အလားတူ အိန္ဒိယ သမ္မတ ပရာနတ်မူကာဂျီကလည်း အဲဒီအကြမ်းဖက်လုပ်ရပ်ကို သူရဲဘောကြောင်တဲ့လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပါတယ်။

ဘီဟာပြည်နယ် BJP ပါတီ ခေါင်းဆောင် နီတစ်ရှ် ကူးမားကတော့ ဘီယာပြည်နယ်အစိုးရရဲ့ ပေါ့လျော့မှုအဖြစ် ပြစ်တင်ေဖန်လိုက်ပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားနိုင်တယ်ဆိုတဲ့ ကြိုတင်သတိပေးချက်တွေ ရှိနေပါလျက်နဲ့ လုံခြုံရေးတင်တင်းကြပ်ကြပ်မရှိတဲ့အပြင်  ထောက်လှမ်းရေးပိုင်းမှာလည်း လျော့ရဲနေကြောင်းပြောပါတယ်။

တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မှာ လက်လုပ်ဗုံး အနည်းဆုံး () လုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မြန်မာသံဃာတော်တစ်ပါးနဲ့ တိဘက်ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒါပေမဲ့ စိုးရိမ်ဖွယ်အခြေအနေမရှိဘူးလို့ ဆေးရုံကပြောပါတယ်။ မဟာဗောဓိစေတီ၊ ဗုဒ္ဒရုပ်ပွားတော်နဲ့အနီးက ဘုန်းတော်ကြီးကျောင်းတွေလည်း အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

အိန္ဒိယမှာ အခုလို ဗုဒ္ဓဘာသာ အဆောက်အအုံတွေ အတိုက်ခိုက်ခံရတာ အခုတစ်ကြိမ် ပထမဆုံးဖြစ်တယ်လို့ဆိုပါတယ်။ အခုအခါ အိန္ဒိယနိုင်ငံက ပြည်နယ်အားလုံးကို တပ်လှန့်ထားပြီး၊ ဗုဒ္ဓဘာသာင်တွေ အများဆုံးလာရောက်လေ့ရှိတဲ့ နေရာတွေကိုလည်း လုံခြုံရေးတိုးမြှင့်ထားပါတယ်။

ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်က အကြမ်းဖက်အဖွဲ့အစည်းတွေမှာ တာန်ရှိတယ်လို့ ယူဆနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။