လုံးချင်းနေအိမ် ၂၅၀ ကို အိန္ဒိယလှူဒါန်းမည်


2018.03.12
india-donation-622.jpg နေအိမ်ဆောက်လုပ်လှူဒါန်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒုသံအမတ်ကြီးနဲ့ ပထမအတွင်းဝန်တို့ မောင်တောဒေသမှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကွင်းဆင်းလေ့လာခဲ့စဉ်
Photo: Min Thein Aung/ RFA

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ ကျေးရွာသစ်တွေ ထူထောင်ရေး အတွက် အိန္ဒိယနိုင်ငံက လုံးချင်းနေအိမ် ၂၅၀ ကို မကြာခင် တည်ဆောက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

နေအိမ်သစ်တွေ လှူဒါန်းဖို့အတွက် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ လူမှုဝန်ထမ်းကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ နေပြည်တော်မှာ တွေ့ဆုံပြီး သဘောတူခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လုံးချင်းနေအိမ်တွေဟာ အသင့်ဆောက်လုပ်နေထိုင်လို့ရတဲ့အိမ်တွေဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ရွာ၊ နံ့သာတောင်၊ ရွှေစား စတဲ့ကျေးရွာ ၃ ခုမှာ ခွဲဝေပြီး တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒုသံအမတ်ကြီး Mr. B.Shyan နဲ့ ပထမအတွင်းဝန် Dr. Muthukumarasamy တို့ဟာ မောင်တောဒေသကို ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကွင်းဆင်းလေ့ လာခဲ့ကြပြီး နေအိမ်ဆောက်လုပ်ရေး အသေးစိတ်အခြေအနေတွေကို ဒီနေ့မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။