တရုတ်-အိန္ဒိယ စာချုပ်နှစ် ၆၀ ပြည့် အခမ်းအနား သမ္မတ ဦးသိန်းစိန် တက်မည်
2014.06.21

Photo: President Office Website
တရုတ်-အိန္ဒိယ နှစ်နိုင်ငံသဘောတူခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး သဘောတူစာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အခုလကုန်ပိုင်းမှာကျင်းပမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက်မယ်လို့ သိရပါတယ်။
အိန္ဒိယလို Panchsheel စာချုပ်လို့ခေါ်ဆိုတဲ့ အဲဒီ သဘောတူစာချုပ်ကို ၁၉၅၄ ခုနှစ်က တရုတ်နိုင်ငံ ပီကင်းမြို့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ အခုပြုလုပ်မယ့် နှစ် ၆၀ ပြည့်အခမ်းအနားကို မြန်မာအပါအဝင် ၃ နိုင်ငံ ပူးပေါင်းကျင်းပမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကို တရုတ်သမ္မတ ဇီကျင်းဖျင်က တရားဝင်ဖိတ်ကြားတာ ဖြစ်တဲ့အတွက် ဇွန်လ ၂၇ ရက်နေ့ကနေ ၃ဝ ကြား ပြုလုပ်မယ့်အခမ်းအနားတွေကို တက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဒုသမ္မတ အန်စာရီ တက်ရောက်မယ်လို့သိရပါတယ်။