ကျပ်ငွေဈေးကျ၊ လမ်းများပျက်လို့ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုရပ်ဆိုင်း

မြန်မာ-အိန္ဒိယ နယ်စပ်မှာ အိန္ဒိယ ရူပီးငွေနဲ့မြန်မာကျပ်ငွေ လဲနှုန်းမှာ မြန်မာငွေ ဈေးကျဆင်းနေတဲ့အပြင် မိုးအဆက်မပြတ် ရွာသွန်းပြီး ကားလမ်းတွေ ပျက်စီးနေတဲ့အတွက် နယ်စပ် ကုန်သွယ်မှု ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။

2011.08.20

ကားလမ်းတွေ မြေပြိုတဲ့အတွက် တီးတိန်မြို့ကတဆင့် သွားရတဲ့ “ရိခေါကာ” နယ်စပ်ကုန်သွယ်စခန်းကို သီတင်းတပတ်လောက် ပိတ်ထားရတယ်လို့ နယ်စပ် ကုန်သည်တွေကပြောပါတယ်။ လတ်တလော နယ်စပ်ကုန်သွယ်မှု အခြေအနေနဲ့ ပတ်သက်ပြီး တမူးမြို့က ကုန်သည်တဦးက ရှင်းပြပါတယ်။

“အရင်က တရူပီးကို မြန်မာငွေ ၂ဝ ဝန်းကျင်လောက်ရှိမှ အရောင်းအဝယ် ကောင်းတာကိုး။ ၁၇ လောက်အထိ ဆိုရင် ကောင်းသေးတယ်။ အခုဟာက တရူပီးကို ၁၆ ကျပ်နဲ့ ၁၇ ကျပ် ကြားမှာပဲ ရှိမယ်။ အရောင်းအဝယ်က သိပ်မဖြစ်တော့ မိုရေး ဘက်က ဈေးဝယ်တွေ ကားတွေ အလာနည်းတယ်”

အရင် သီတင်းပတ်တွေကလည်း ကလေးမြို့နဲ့ အနီးတဝိုက်မှာ ရေကြီးပြီး ကားလမ်းတွေ ရေလွှမ်းမိုး ပျက်စီးခဲ့တဲ့အတွက် နယ်စပ် ကုန်စည်စီးဆင်းမှု ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-20 17:28

as in that news it is mean kyat value increase and not kyat value decrease