စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမားတိုးလာကြောင်း ILO ထုတ်ပြန်

RFA Burmese
2024.06.12
စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမားတိုးလာကြောင်း ILO ထုတ်ပြန် ရေထမ်းသည့်အလုပ်ကို လုပ်နေရသည့် ကလေးလုပ်သားတစ်ဦးအား တွေ့ရစဥ်။
ILO

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမား များပြားလာတယ်လို့ ဇွန်လ ၁၂ ရက် ဒီနေ့ကျ ရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကထုတ်ပြန်ပါတယ်။

ILO ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကလေးအလုပ်သမားများလာတဲ့ အကြောင်းအရာတွေထဲမှာ စစ်မှုထမ်းဥပဒေ တိမ်းရှောင်တဲ့နည်းလမ်းအနေနဲ့ မိဘတွေက ကလေးငယ်တွေကို အလုပ်လုပ်ဖို့လိုလားတဲ့ အချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် တိုးလာတဲ့ ကလေးအလုပ်သမားအရေအတွက် အတိအကျကိုတော့ ILO ရဲ့ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေ အကာ အကွယ်ပေးရေးနဲ့ ကလေးငယ်တွေရဲ့ အလားအလားကိုအပြည့်အ၀ ဖြည့်ဆည်းပေးဖို့ တောင်းဆိုတယ်လို့ ILO က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေနဲ့ ပဋိပက္ခတွေတိုးလာနေတာကြောင့် လေးနက်စွာ စိုးရိမ်မိတယ်လို့လည်း ILO မြန်မာရဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Yutong Liu က ဒီထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကလေး သန်း ၁၆၀ ခန့်ဟာ ကလေးအလုပ်သမားတွေအဖြစ် ပါဝင်နေဆဲဖြစ်ပြီး ၇၉ သန်းဟာ အဆိုးဝါးဆုံးပုံစံတွေနဲ့ ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ပါဝင်လုပ်ကိုင်နေရတယ်လို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။