ဘားအံမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.02.18
ဘားအံမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ ဘားအံမြို့နယ် ရေအေးကျေးရွာထဲ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံနှင့် အပျက်အစီးတချို့အား တွေ့ရစဉ်။
KNU

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရေအေးကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၁၈ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်မြို့နယ် ကမမောင်းမြို့ က စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၂၀၈ က လက်နက်ကြီးကျည် ခြောက်လုံး ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အသက် ၃၅ နှစ်အရွယ် နော်ဆဲဝါး နဲ့ အသက် ၅၈ နှစ်အရွယ် နော်မပြားတို့ ဒဏ်ရာရရှိခဲ့တာပါ။

ဒီ့အပြင် နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။