မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ဆို

2022.02.19
မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ဆို နေပြည်တော်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရဟတ်ယာဉ်တချို့ကို ၂၀၀၇ ခုနှစ် မတ် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီလေတပ်စခန်းဌာနချုပ် ဂျက်လေယာဉ်တွေ ထားတဲ့နေရာကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညက ဗုံးဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့အင်အားစု People’s Force ရန်ကုန်တိုင်းက ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ည ၁၁ နာရီကျော်အချိန်လောက်မှာ အဝေးထိန်းခလုတ်နှိပ်ကာ ဖောက်ခွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)၊ မုံရွာလေတပ် စခန်းဌာနချုပ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းကပဲ ဒေသခံတော်လှန်ရေးအဖွဲ့ တွေဖြစ်တဲ့ Freedom Revolution Force အဖွဲ့နဲ့ KG၊ ဗိုလ်လင်းယုန် မဟာမိတ်အဖွဲ့တို့က ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေတပ်ဌာနတွေ ခုလိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေးဝန် ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မန္တလေး တံတားဦး လေတပ်စခန်းက တိုက်ခိုက် ရေးလေယာဉ် တစ်စီး လေ့ကျင့်ပျံသန်းရင်းနဲ့ စက်ချို့ယွင်းကာ စစ်ကိုင်းတိုင်း အုန်းတောရွာ အရှေ့ဘက်က ရေမျက်ကြီး အင်းထဲ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။