ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း
2013.01.23

ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေကြား နီးစပ်ရာစစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ပြီး စားသောက်ရေးပါ အခက်အခဲဖြစ်နေတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း အခြေအနေပိုဆိုးဖို့ရှိတယ်လို့ ကေအိုင်အေ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ က ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းမှာလည်း အဲဒ့ီနေရာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒီကနေ့မှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူဟာ လူဦးရေ ၂ ထောင်ကျော် ရှိလာပြီလို့ မှော်ဂဠုန်ကျေးရွာက NLD ပါတီဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“အပြန်အလှန် ပစ်ခတ်တာ အခု အစိုးရတပ်က တစ်ယောက်တော့ ထမ်းသွားတာတွေ့တယ်၊ အခု လက်ရှိကတော့ ကျနော်တို့ ရွာကလူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြတာပဲ၊ ထမင်းတောင် အခုချိန်ထိ ဘယ်သူမှ မချက်စားရဲသေးဘူး”
အဲဒ့ီဒေသကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ဝှေခါနဲ့ မှော်ဂဠုန်ကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလံှုနေကြရပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဆင်ရေးရပ်စဲဖို့ သမ္မတဦးသိန်းစိန် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ညွှန်ကြားထားပြီး ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို နာခံဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်ရဲ့ နေရာအတော်များများမှာ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းရေးမှာ ဘယ်လိုအတားအဆီးတွေ ရှိနေသလဲဆိုတာကို RFA သတင်းထောက် မသူဇာက တင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |