ဗိုလ်ချုပ်မှူးကြီး အိန္ဒိယသွားမည်
2015.07.24

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၆ ရက်နေ့ ကစပြီး အိန္ဒိယနိုင်ငံ ကို ၆ ရက်ကြာ သွားဖို့ စီစဉ်ထားတယ်လို့ နယူးဒေလီကလာတဲ့ သတင်းတွေမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။
ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Manohar Parrikar တို့တွေ့ဆုံမှာဖြစ်သလို၊ အိန္ဒိယလေတပ်ပြုပြင်ထိမ်းသိမ်းရေးစခန်းနဲ့ စစ်လက် နက်ဆိုင်ရာနေရာတွေကို လည်ပတ်ကြည့်ရှုမယ်လို့ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်မှာ မြန်မာ-အိန္ဒိယနှစ်ဖက်စစ်တပ်တွေပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲဖို့နဲ့ ကင်းလှည့်ဖို့ကိစ္စတွေ ကိုဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
အပြန်အလှန်အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာရုပ်ဝတ္ထု ပစ္စည်းအကူအညီနဲ့ မွမ်းမံသင် တန်းတွေပေးမယ်လို့ ကတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဒေသ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ဗဟိုအစိုးရကိုပုန်ကန်နေတဲ့ သူပုန်တွေကို အိန္ဒိယအစိုးရ ကနှိမ်နင်းချင်နေသလို၊ အိန္ဒိယအစိုးရကို ဆန့်ကျင်မယ့် ဘယ်လိုအဖွဲ့မျိုးကိုမှ မြန်မာ့မြေမှာ ခြေကုတ်ယူခွင့်ပေးမှာမဟုတ် ဘူးလို့လဲ မြန်မာအစိုးရကပြောဆိုထားတဲ့အကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး က ထပ်မံပြောဆိုလိုက်ပါတယ်။