သမ္မတ ဦးသိန်းစိန်ကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယုံကြည်

မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အယ်လင် ဂျု့(ပ်) ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

2012.01.16
france-fm-alain-juppe-b305 ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Mr. Alain Juppe နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၂ ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - RFA
RFA

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင် ပြောင်းလဲရေးသမား တစ်ဦးဆိုတာ မိမိ ယုံကြည်ကြောင်း ပြောပါတယ်။ ဆက်လက်ပြီး လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေက သက်သေပြနေကြောင်း၊ ဦးသိန်းစိန်ဟာ ဆုံးဖြတ်ချက် ခိုင်မာပြီး ဉာဏ်အမြော်အမြင်ရှိသူ တစ်ဦး ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အထောက်အပံ့ ဖြစ်စေကြောင်း၊ စစ်တပ်က ဒီအပြောင်းအလဲတွေကို နောက်ကွယ်မှာ အပြည့်အ၀ ထောက်ခံမှု ရှိမရှိဆိုတာ မသိနိုင်သလို ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ အပေါ် သဘောမတူရင် စစ်တပ်က အာဏာသိမ်းနိုင်ပေမယ့် အဲဒီလို အခြေအနေကို ရောက်မသွားဘူးလို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-14 04:47

very good!