အသိမ်းခံ လယ်ယာမြေ ထွန်ယက်သူများ တရားစွဲခံရ


2014.06.22

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ ဝင်ရောက်ထွန် ယက်တဲ့ လယ်သမားတွေအရေးကို လိုက်ပါကူညီသူနဲ့ လယ်သမား ၁၂ ဦးကို ကျူးကျော်ဝင်ရောက်မှု၊ အကျိုးဖျက်ဆီး မှုတို့နဲ့ မနေ့က တရားစွဲဆိုထားပါတယ်။

လယ်သမားတွေနဲ့အတူ ဝင်ရောက်ထွန်ယက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ လယ်သမားအရေးဆောင် ရွက်သူ ကိုသန်းဌေးက အခုလိုပြောပါတယ်။

"ကျနော်တို့ လယ်မြေနဲ့ ပတ်သက်ပြီးတော့ တောင်သူတွေ ၁၃ ဦးကို ၄၄၇၊ ၄၂၇ နဲ့ တရားစွဲထားတယ်ခင်ဗျ၊ စစ်တပ်ကနေလာပြီးတော့ ရဲစခန်းမှာ အမှှုဖွင့်တော့ မနေ့က ၂၁ ရက်နေ့မှာ ရဲစခန်းမှာ ကိုယ်ပိုင်ခံဝန်နဲ့ လက်မှတ်ထိုးတယ်ဗျ"

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့က လယ်သမား ၁၀၀ ကျော်ဟာ စစ်တပ်က သိမ်းယူ ထားတဲ့ လယ်ဧက ၂၀၀ ကျော်ထဲက ဧက ၄၀ ကျော်မှာ ဝင်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က အင်္ဂပူမြို့နယ် နွားခြံ၊ ဗွက်နဲ့ လှည်းမောက်ကျေးရွာအုပ်စု သုံးစုက လယ်သမား ၃၀ ကျော် ပိုင်တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ကို အမှတ် ၆ စစ်ရေးလေ့ကျင့်ရေးတပ်က တပ်မိသားစုဖူလုံရေးအတွက်ဆိုပြီး သိမ်းခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အဲ့ဒီလယ်ယာမြေတွေမှာ လယ်သမားတွေ ဝင်ရောက် ထွန်ယက်ခဲ့ကြပြီး အဲ့ဒီလိုထွန်ယက် ခဲ့ကြတဲ့ လယ်သမား၂၅ဦးကို ကျူးကျော်ဝင်ရောက်မှုနဲ့ စစ်တပ်က အင်္ဂပူမြို့နယ်တရားရုံးမှာ တရားစွဲထားတယ်လို့ သိရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။