အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ မြန်မာကို EU တိုက်တွန်း
2018.11.23
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် "နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့" အတွက်ရည်ရွယ်ပြီး အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
မကြာသေးခင်က ပြုစုထားတဲ့ EU ရဲ့စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကမ္ဘာတဝှမ်းမှာ ပြုလုပ်မယ့် ၁၆ ရက်တာလှုပ်ရှားမှုကို EU ဥရောပသမဂ္ဂရုံးအနေနဲ့ ထောက်ခံကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။