ပိတ်ဆို့မှု ကျော်လွှားရန် ဒုက္ခသည်တွေ မြန်မြန်လက်ခံဖို့ ကုန်သည်အသင်း ဥက္ကဋ္ဌ အကြံပေး


2018.10.03
eu-flag-622.jpg ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
AFP Photo

ရိုဟင်ဂျာ ပဋိပက္ခနဲ့ပတ်သက်ပြီး EU ဥရောပနိုင်ငံများ အဖွဲ့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့စဉ်းစားနေတယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သတင်းရပါတယ်။

အဲဒီလို ပိတ်ဆို့မှုတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီပြောင်းလဲမှု အားပေးတဲ့အနေနဲ့ အထူးအခွင့်အရေးအဖြစ် ဥရောပကို အကောက်အခွန်မဲ့ သွင်းခွင့်ပြုထားတဲ့ အထည်အလိပ်လုပ်ငန်း ပါဝင်လာခဲ့မယ်ဆိုရင် လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နိုင်ပါတယ်။

ဥရောပကို မြန်မာပြည်က တင်ပို့တဲ့ကုန်ပစ္စည်း ပမာဏဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ကန် ဒေါ်လာ သန်းနှစ်ထောင်နီးပါး($1.81 billion) ရှိပြီး မြန်မာ အလုပ်သမား ၄ သိန်းခွဲ လုပ်ကိုင်နေပါတယ်။

ဥရောပက လုပ်ငန်းရှင်တွေဟာ အလုပ်သမားခ သက်သာတဲ့ မြန်မာပြည်မှာ အဲဒီလို အခွန်ကင်းလွတ်ခွင့် ရရှိနေ တာကို အကြောင်းပြုပြီး သွားရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ မဆုံးဖြတ်ရသေးပေမယ့် မြန်မာအစိုးရရဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံအပေါ် မူတည်နေတယ်လို့ EU အရာရှိတွေက ပြောပါတယ်။ ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲမှုကို ထိခိုက်စေပြီး တပြိုင်နက်မှာ တရုတ်ပြည်ရဲ့ လွှမ်းမိုးမှုကြီးမားလာမှာကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ ခေါင်းဆောင်တွေက ရှောင်ရှားလို တဲ့အတွက် အလေးအနက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ် အခြေစိုက် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း (MACC-Myanmar American Chambers of Commerce) ဥက္ကဋ္ဌ ဦးထွန်းတင် က တကယ်လို့သာ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို များစွာနစ်နာမှာဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မြန်ဆန်ဆန် စိစစ်ပြီး စတင်လက်ခံနိုင်မယ်ဆိုရင်တော့ အဲဒီပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဦးထွန်းတင် နဲ့  RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။