ရွေးကောက်ပွဲ သမာသမတ်ကျရေး ရန်ကုန်မှာ ဆွေးနွေး
2014.07.21

ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျရေးနဲ့ ပတ်သက်ပြီး နယ်ပယ်စုံက အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ရာမှာ နိုင်ငံရေး ပါတီ ၅ဝ ကျော်အပြင်၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ရေး ပါဝင်ကူညီမယ့် လူမူအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ ကြပါတယ်။
ဒီညီလာခံကို အမေရိကန်အခြေစိုက် အဖွဲ့တွေဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်အဖွဲ့ NDI နဲ့ တခြာအဖွဲ့နှစ်ဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
ညီလာခံနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို ပါဝင်ကူညီမယ့် လူမှုရေးအဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က အခုလိုပြောပါ တယ်။
"ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပမာဆို ကမ်ပိန်း ဆိုတာ ဘယ်လိုလဲပေါ့နော်၊ အခုလက်ရှိတွေ့နေတဲ့ အခြေအနေအရ ဘယ်လိုလဲ ဘာတွေဒ့ီထက် ပိုကောင်းအောင် နောက်သမာသမတ်ကျတဲ့ ရွှေးကောက်ပွဲဆိုတာ ဘာလဲဆိုတာကို သူတို့တွေက ရှင်းပြတာပေ့ါနော်၊ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲ၊ မဲပေးတဲ့စနစ်နဲ့ ပတ်သက်ပြီး ဘယ်လိုလဲ၊ မဲရုံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလဲပေ့ါနော်၊ ဒါကို Board Council နဲ့က ဘယ်လိုလဲပေ့ါနော် သူတို့ဆွေးနွေးတယ်"
မနေ့က ညီလာခံမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ပါတီတွေ ဆွေးနွေးခဲ့ကြသလို ရွေးကောက်ပွဲကော်မရှင်ကလည်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် ရွေးချယ်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့၊ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသား ညီနောင်ပါတီ ၂ဝ က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ကို လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုထားပါတယ်။