ဒေါက်တာခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ်ရုံးထုတ်၊ မိသားစုတွေ့ခွင့်မရ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.11
ဒေါက်တာခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ်ရုံးထုတ်၊ မိသားစုတွေ့ခွင့်မရ
Hkalam Samson Facebook

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာ မြစ်ကြီးနားအကျဉ်းထောင်အထူးတရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး ရှေ့နေတွေနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့ ဒေါက်တာဆမ်ဆွန်ရှေ့နေက RFA ကိုပြောပါတယ်။

“ မြစ်ကြီးနားအကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်တယ်။ ဆရာက နေကောင်းပါတယ်။ ဒီနေ့ ရုံးထုတ်မှာ ကျွန်မတို့ ဘာကြောင့်တရားစွဲဆိုလဲဆိုတဲ့ အကြောင်းအရာအသေးစိတ်ကို မသိရဘူး။ တရားလိုဘက်က သက်သေလည်း မလာတော့ ဆရာနဲ့ပဲ စကားပြောဖြစ်ခဲ့တယ်။” လို့ ဒေါက်တာဆမ်ဆွန်အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ -၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) တို့နဲ့ စစ်ကောင်စီက တရားစွဲထားတယ်လို့ ဒေါ်ဒေါင်နန်း ကပြောပါတယ်။

နောက်တစ်ကြိမ်ရုံးချိန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ဇနီးဒေါ်ဇုန်းညော်ကတော့ စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့ ဒေါက်တာဆမ်ဆွန်ကို ဖမ်းဆီးသွားချိန်ကတည်းက မိသားစုနဲ့ တွေ့ခွင့်မရသေးကြောင်းနဲ့ တွေ့ခွင့်ရလိုတယ်လို့ ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ သွေးတိုးနဲ့ မွေးရာပါ အဆုတ်အားနည်းရောဂါရှိသူတစ်ဦး ဖြစ်ပါတယ်။

သူ့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။