အသိမ်းခံမြေ ပြန်ရရေး သမ္မတနဲ့ လွှတ်တော်များကို တင်ပြမည်
2014.09.14
ရန်ကုန်မြို့ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနဲ့ မြောင်းတကာမြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သောင်းနီးပါးကို တောင်သူတွေထံ ပြန်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အသီးသီးကို ပေးပို့တောင်းဆို သွားမယ်လို့ ဒီနေ့ မှော်ဘီမြို့နယ်မှာကျင်းပတဲ့ တောင်သူလယ်သမား ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။
တပ်မတော်နဲ့ အစိုးရစီမံကိန်းတွေကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သောင်းနီးပါးကို ပြန်ပေးဖို့ တင်ပြမှာဖြစ်တယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးအေးလွင်က ပြော ပါတယ်။
အဲ့ဒီမြို့နယ် ၄ ခုက အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ၁၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ တောင်သူလယ်သမားညီလာခံကို မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနဲ့ မြောင်းတကာမြို့နယ်တွေ က တောင်သူလယ်သမား ၄၀၀ကျော်နဲ့ လယ်သမားအရေး ဆောင်ရွက်သူတွေ တက်ရောက်ခဲ့ပါတယ်။
မှော်ဘီမြို့နယ် ဖိုးဓနကုန်းကျေးရွာက တောင်သူ ဦးအေးမင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။