လူထု အခြေပြု သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု တာလေမြို့နယ်မှာ ပြုလုပ်

ပြီးခဲ့တဲ့ မတ်လက မြေငလျင်ဒဏ် ကြုံတွေခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေဒေသ လူထု အခြေပြု သဘာဝ ဘေးဒဏ် စီမံခန့်ခွဲမှု ဆွေးနွေးပွဲတရပ်ကို မြို့နယ်အာဏာပိုင်တွေနဲ့ မြေငလျင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီတို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့က တာလေမြို့နယ်ခွဲ အထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းမှာ ကျင်းပခဲ့ပါတယ်။

2011.04.28
tarlay_quake_survival_305_z ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်ရှိ ယာယီမြေစိုက်တဲတခုတွင် ငလျင်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အဖွားအိုတဦးကို စေတနာ့ဝန်ထမ်း ဆရာဝန်တဦးက ကျန်းမာရေး စမ်းသပ် စစ်ဆေးပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဆွေးနွေးပွဲကို သူနာပြုဆရာမတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ငလျင်ဒဏ် ကယ်ဆယ်ရေး ကော်မတီနဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့ဝင်တွေ ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်သူအားလုံးဟာ ဒေသခံ ဘာသာစကားကို ကောင်းကောင်း ပြောနိုင်သူတွေ ဖြစ်တဲ့အတွက် လာမဲ့ အနာဂတ်မှာ ကျေးရွာတွေကို ပုံမှန် လှည့်လည် သွားရောက်ပြီး ပညာပေး ဟောပြောပွဲတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြေငလျင်လှုပ်မှု၊ မြေပြိုမှု စတဲ့ သဘာဝ ဘေးဒဏ်တွေအတွက် ပြင်ဆင်မှုလုပ်ငန်းတွေ၊ ဘေးဒဏ် ကျရောက်လာချိန်မှာ ဒေသခံတွေအနေနဲ့ ပါဝင်နိုင်မှုနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ချမှတ် လုပ်ဆောင်တဲ့အခါ လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။