ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့မှာ ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီနေ့တွေ့ဆုံခဲ့ပါတယ်။
နေ့လည် ၃ နာရီကနေ ၄ နာရီထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tutu) က “လွတ်လပ်မှုကို ဦးတည်ဆောင်ရွက်တဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို အားပေးထောက်ခံသင့်တယ်လို့ ထင်တဲ့အကြောင်း၊ ဒါပေမယ့် ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို စောင့်ကြည့်တဲ့ ဝေဖန်ထောက်ပြမှုတွေ လိုအပ်တဲ့အကြောင်းနဲ့ နိုင်ငံထဲမှာ တယောက်မကျန် လွတ်လပ်တယ်လို့ ခံစားရပြီး၊ စစ်မှန်တဲ့ဒီမိုကရေစီ တစ်နိုင်ငံတခုအဖြစ် မိမိတို့မြင်ချင်တယ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုအပေါ် “ဒီနေ့အတွက်တော့ စိတ်ချမ်းသာစရာကောင်းတယ်” လို့ ပြောခဲ့ပါတယ်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ နိုင်ငံရေးအကျဉ်းသားဟောင်း ၂၁ ယောက်နဲ့လည်း မနက် ၁၁ နာရီလောက်ကနေ ၁၂ လောက်ထိ ရန်ကုန်မြိ့ အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကိုတော့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ လာမယ့် မတ်လ ၁ ရက်နေ့မှာတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့တွေ့ခွင့်ရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုလှထွဋ်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။