ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံနေရတဲ့ ရွေးကောက်ပွဲအမှု တရားလိုကို စစ်ဆေး

2022.02.21
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံနေရတဲ့ ရွေးကောက်ပွဲအမှု တရားလိုကို စစ်ဆေး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၆ မတ် ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: AFP

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ပတ်သက် လို့ ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုကို အပြန်အလှန် စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာသုံးတယ် ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ - က အမှုအတွက် တရားလို အဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင် မျိုးလွင်ကို အပြန်အလှန်စစ်ဆေးမှုတွေကို လုပ်ခဲ့တာပါ။

ဦးအောင်မျိုးလွင်က တရားရုံးမှာ ဦးစွာထွက်ဆိုမှုလုပ်ခဲ့ပြီးနောက် စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန် စစ်မေးတာတွေ လုပ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို စစ်ကောင်စီက မီဒီယာတွေနဲ့ ဆက်သွယ်ပြော ဆိုခွင့် ပိတ်ပင်ထားလို့ ဒီနေ့ထွက်ဆိုချက် အသေးစိတ်ကိုမသိရပေမယ့် အပြန်အလှန်စစ် မေးချက်တွေဟာ ကျေနပ်စရာကောင်းတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုဟာ ရိုးရှင်းတဲ့အမှုဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားပြီး တရားလိုပြသက်သေ အယောက် ၂၀ ကိုလည်း အပတ်စဉ် တနင်္လာ နေ့တိုင်း ကြားနာပြီးတော့ ဧပြီလ ၁၈ ရက်နေ့ အပြီးစစ်ဆေးမယ်လို့ ယခင်ရုံးချိန်းရက် တွေက တရားရုံးမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ နောက်လာမယ့် တစ်ပတ် တနင်္လာနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကို ပြန်လည် ချိန်းဆိုထားပါတယ်။

အခုစွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲ အပြီး ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။

လောလောဆယ်မှာတော့ အဲဒီအမှုတွေထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ် ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-21 23:00

အပျစ်မရှိသူတွေကိုလက်နက်အားကိုးနဲ့လုပ်နေတဲ့မြန်မာပြည်သူတွေအားလုံးအနိုင်ကျင့်ခံနေရ