ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ လအတွင်း ကယားပြည်နယ် သွားမည်
2014.10.24

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထု နဲ့ တွေ့ဆုံမယ်လို့ ပြည်နယ် NLD တာဝန်ရှိသူတွေ က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ် ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူက အခုလို ပြော ပါတယ်။
"အခုလာမယ်ဆိုရင်တောင်မှ တရားဝင်ကြီးကြီးကျယ်ကျယ်ကြီး ထုတ်မပြန်ပဲနဲ့ တဆင့်ကြားလေးတောင် မှ ငါတို့ဖြင့်သွားကြမယ်၊ ရွာကလူတွေဆိုရင် ဘယ်လိုစီစဉ်ပြီးသွားကြမယ်ဆိုတဲ့ သတင်းတွေလေးတော့ ကြားနေတာပေါ့နော်၊ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာစေချင်နေတာ၊ တိုင်းနဲ့ပြည် နယ်တွေမှာ အထူးသဖြင့် ပြည်နယ်တွေသွားတဲ့အခါမှာ ကယားပြည်နယ်တစ်ခုက ကျန်နေသ လိုလေးဖြစ်တယ်၊ အဲ့ဒါကြောင့် ကယားပြည်နယ် လူထုတွေကလည်း အရမ်းတောင့်တနေတယ်"
ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး အခုလာမယ့်ခရီးစဉ်မှာ လွိုင်ကော်မြို့မှာရှိတဲ့ ကယားဒေးကွင်းမှာ ဒေသခံလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး ကယားပြည်နယ် အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။