၁၂ ပွင့် ဆုံးဖြတ်ချက်ဟာ အနှောင့်အယှက်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2014.12.10

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ပွင့် ဆိုင်ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ ဆွေးနွေးပွဲအစစ်အမှန်တွေ ပေါ် ထွန်းရေးကို အနှောင့်အယှက်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြား လိုက်ပါတယ်။
"အရင်တုန်းက ၄ ပွင့်တောင်းတုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာလိုလို နောက်တော့ ၆ ပွင့်ဆိုင်၊ အခု ၁၂ ပွင့်ဆိုင်လိုလို အဲ့လိုဟာတွေ လုပ် တာကတော့ ကျမအနေနဲ့တော့ တကယ့်ဆွေးနွေး ပွဲတွေ မဖြစ်မြောက်အောင် ဦးတည်တယ်လို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ"
ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ မှာတော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တစ်စုံတစ်ရာ တိုးတက်မှုရှိခဲ့တယ်လို့ ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"လူ့အခွင့်အရေး အခြေအနေကတော့ လုံးဝကျေနပ်ဖို့ လိုပါသေးတယ်၊ ဒါပေမဲ့ ဘယ်လိုပဲပြောပြောပေါ့ အရင် ၁ဝ နှစ်ကစာလို့ရှိရင် တိုးတက်မှုရှိတယ်လို့ ပြောရမှာပေါ့"
အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။