ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံမှ ပြန်လည်ရောက်ရှိ


2013.12.12
dassk-qatar-305.jpg ကာတာနိုင်ငံကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိ လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းကြည်က ဒိုဟာမြို့က ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်မြင့်မား လာဖို့အတွက် တိုင်းပြည်ချမ်းသာရုံနဲ့မပြီးဘဲ လူ့တန်ဖိုးကို လေးစားတဲ့စိတ်၊ ကရုဏာနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး စေတနာထား တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကော့မှူးမြို့နယ်အတွင်းက အဖျောက်ကျေးရွာနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီမြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ အသစ်ပြန်လည်ရေးဆွဲရေးနဲ့အပေါ် ပြည်သူလူထုဆီက သဘောထားဆန္ဒခံယူပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။