မြန်မာအစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အရှိအတိုင်း အသိအမှတ်ပြု

အခု လတ်တလော ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန် သမ္မတအဖြစ် ဦးဆောင်တဲ့ မြန်မာ အစိုးရသစ်ကို အရှိအတိုင်းပဲ အသိအမှတ်ပြု ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

2011.04.10
president-thein-sein-pose-305-z ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် သမ္မတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမ္မတများ ဖြစ်သည့် ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ကို ရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ် တို့နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
Photo: AFP / HO / MNA

“အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရအုံးမှာပါ”

RFA က သောကြာနေ့ ညတိုင်း ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ်အတွက် ဖြေကြားချက်တွေကို ကြိုတင်ရယူခဲ့ရာမှာ ထိုင်းနိုင်ငံက မေးမြန်းသူတဦးက “လက်ရှိ အစိုးရကို အသိအမှတ်ပြုပါသလား လို့ မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ဒဲရစ် မစ်ချယ် (Derek Michell) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် အဖြစ် မကြာခင် ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းရှင်တဦးကို ဖြေကြားခဲ့ပါတယ်။

“အမေရိကန်အစိုးရက အထူးကိုယ်စားလှယ် ခန့်တာကို ကျမတို့ကတော့ သဘောကျပါတယ်။ ရွေးချယ်ထားတဲ့ Mr. Derek Michell ဟာ မြန်မာနိုင်ငံအရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ၊ အာရှရေးရာတွေကိုလည်း ကျွမ်းကျင်သူတဦး ဖြစ်တယ်လို့ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ မိမိရဲ့ တာဝန်တွေကို ကျေကျေပြွန်ပြွန် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အမေရိကန်နိုင်ငံ မူဝါဒတွေနဲ့ ပတ်သက်လို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ်ဆိုရင် အထောက်အကူ ပြုနိုင်မယ်လို့ ထင်ပါတယ်”

ဒါ့အပြင် တခြားမေးခွန်းရှင်တဦးက ပြည်ပခရီးထွက်ဖို့ ရှိပါသလား ဆိုတဲ့အမေးနဲ့ ပတ်သက်လို့ လောလောဆယ်မှာ အလုပ်တာဝန်တွေ ပိနေတာကြောင့် သူမ အနေနဲ့ နိုင်ငံခြားကို သွားဖို့မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားချက် အပြည့်အစုံကို လာမယ့် သောကြာနေ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-10 18:34

လုပ်ရက်လိုက်တာ အမေစုရဲ့ ... ကျွန်တော်တို့ နှစ် ၂၀ ကျော် ၀ိုင်းရံလာတာ အသေခံ တိုက်ပွဲဝင်တာ အကုန်လုံး သဲထဲ ရေသွန်ဖြစ်ပါပေါ့လား

Anonymous
2011-04-11 19:08

GOOD