ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ တွေ့ဆုံ


2015.11.17
dassk-khinaungmyint-nov17-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားလွှတ်တော်ဥက္ကဌ ရုံးခန်းမှာ သီးသန့်တွေ့ဆုံပြီးနောက် တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့  မနက် ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီအထိ ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့လည်း နေ့လည် ၂နာရီလောက်ကနေ ၃ နာရီအထိ အမျိုးသား လွှတ်တော်ဥက္ကဌ ရုံးခန်းမှာ ၁ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ဥက္ကဌတွေနဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို မသိရှိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တေ့ွဆုံဖို့ မေတ္တာရပ်ခံထားပြီး  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံမယ်လို့ အကြောင်းပြန်ကြား ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကတော့ ရွေးကောက်ပွဲရလဒ် အားလုံး ကြေညာပြီးရင် တွေ့ဆုံနိုင်မယ်လို့ အကြောင်းပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။