ရင်းနှီးမြှုပ်နှံရေး အခက်အခဲတွေ ဒေါ်အောင်ဆန်း စုကြည်ကို ဂျပန် တင်ပြ


2017.01.28
dassk-meet-japan-620.jpg နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(JCCI) ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို JCCI (Japan Chamber of Commerce and Industry) ဂျပန်နိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌ Akio Mimura အာကီယို မီမူရာ ဦးဆောင်တဲ့ အဖွဲ့က မနေ့ကတွေ့ဆုံရာမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်က အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆောင်ရွက်ပေးဖို့ ဂျပန်ကိုယ်စားလှယ်အဖွဲ့ က မေတ္တာရပ်ခံခဲ့တဲ့အချက် ၁ဝ ချက်ထဲမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင် စတဲ့အခြေခံအဆောက် အအုံတွေ မြှင့်တင်ပေးရေး၊ စီးပွားရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပေးရေး၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးလာရေး၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေရေး၊ ဂျပန်လုပ်ငန်းရှင်တွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ပုံမှန်တွေ့ဆုံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေး စတာတွေပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို မိမိတို့တင်ပြတာကို ဒေါ်အောင်ဆန်းစုကြည်က အထူးစိတ်ဝင်စားပြီး လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ လက်ခံသဘောတူခဲ့တယ်လို့လည်း ဂျပန်အဖွဲ့ ဥက္ကဌ Akio Mimura အာကီယို မီမူရာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ တက်လာတဲ့အတွက် များစွာအားရကြောင်း၊ ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကိုင်လိုပါကြောင်းနဲ့ မြန်မာပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်လိုပါကြောင်း စသဖြင့်လည်း မနေ့က တွေ့ဆုံပွဲ အပြီး ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။