ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီ ပယ်ချ

RFA Burmese
2024.05.08
ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီ ပယ်ချ ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။
AFP

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချလိုက်ပါတယ်။

မစ္စတာ ဟွန်ဆန်ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတဆင့် မေလ ၈ ရက်နေ့ညက ထုတ်ဖော်ပြောချိန်မှာ... ပါတီစုံဒီမိုကရေစီ ကျင်းပဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက် ဖြစ်စေနိုင်တဲ့၊ နှောင့်နှေးစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသွားမှာဖြစ်သလို မလိုအပ်ဘူးလို့ယူဆတဲ့အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်စရာမရှိကြောင်း ပြောခဲ့တာပါ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က မေလ ၇ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုကတစ်ဆင့် စကားပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗီဒီယိုကနေ စကားပြောခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ်ကို ၂၇ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။