လူမှုရေးရန်ပုံငွေ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းလှူဒါန်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း မိတ်ဆွေတွေပေးတဲ့ လက်ဆောင်တွေကို လူမှုရေးရန်ပုံငွေ ရရှိအောင် ရွှေဂုံတိုင် NLD ဌာနချုပ်မှာ ပြုလုပ်နေတဲ့ ဈေးရောင်းပွဲတော်မှာ ရောင်းချဖို့ လှူဒါန်းလိုက်တဲ့အတွက် ပစ္စည်းရောင်းရငွေ ၅ သိန်း နီးပါး ရရှိနေတယ်လို့ သိရပါတယ်။

2011.06.18
assk_crowd_14-11-2010_305_z.png နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒါနဲ့ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

“အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် လေးစားချစ်ခင်တဲ့ မိတ်ဆွေတွေက ပေးတဲ့ ပစ္စည်းတွေကို သူက လူမှုအထောက်အကူ ရန်ပုံငွေအတွက် လှူဒါန်းတဲ့အနေနဲ့ ဈေးပွဲတော်မှာ ချပြီးရောင်းပါတယ်။ အဲဒီကောင်တာက ၅ သိန်းနီးပါးလောက် အများဆုံး ရောင်းချရတာကို တွေ့ရပါတယ်။ မနက်ဖြန် မနက်ပိုင်းမှာလည်း ဆက်ပြီး ရောင်းချမယ်လို့ ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့က ကျနော့်ကို ပြောပါတယ်”

တခြား အနယ်နယ် အရပ်ရပ်က ပစ္စည်းတွေ ရောင်းရငွေကလည်း သုံးရက်အတွင်း ကျပ် ၂၈ သိန်းဖိုး ရှိပြီလို့ သိရပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ စာရေးဆရာ ဦးသိန်းဖေမြင့်ရဲ့ ဇနီး ဒေါ်ခင်ကြည်ကြည်ရဲ့ နှစ် ၉ဝ ပြည့် မွေးနေ့ကို ဒီကနေ့ သွားရောက် အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-20 19:57

သာဓုေခါ္ပါသည္အေမစု