ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲ တောင်ဥက္ကလာပမှာ ကျင်းပ


2016.06.18
dassk-71birthday-620.jpg ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ကျင်းပစဉ်
Photo: Htet Arkar/RFA

မနက်ဖြန် ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောပြိုင်ပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ကျင်းပတာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အထ္တုပတ္တိနဲ့ မိန့်ခွန်းတွေကို လူငယ်တွေ သိရှိအောင် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပတာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် NLD ပါတီ ဥက္ကဌ ဦးကြည်လွင်က ပြောပါတယ်။

"လူငယ်တွေကို မိန့်ခွန်းပြိုင်ပွဲ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အတ္တုပတ္တိနဲ့ ပတ်သက်တဲ့ မေးခွန်း တိုလေးတွေ မေးမှာဖြစ်တဲ့အတွက်ကြောင့် တစ်နေကုန်အချိန်ယူရမှာဆိုတော့ မနက်ဖြန် တစ်နေ့တည်းနဲ့ ကျင်းပဖို့အချိန်မလောက်လို့ ဒီနေ့ကြိုပြီးကျင်းပလိုက်တာပါ၊ လူငယ်တွေကို ဒေါ်စုရဲ့အတ္တုပတ္တိ ဖတ်ဖြစ်အောင်၊ မိန့်ခွန်းတွေကိုလေ့လာဖြစ်သွားအောင် ကျနော်တို့က ရည်ရွယ်တာဖြစ်လို့ သူတို့လက်လှမ်း မီမယ့် ပုံသဏ္ဍာန်ပဲစီမံထားပါတယ်"

မနက်ဖြန် ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေ ကို တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်အတော်များများမှာ ကျင်းပကြမှာဖြစ်ပြီး သွေးလှူတာတွေ၊ သစ်ပင်စိုက် တာတွေလည်း ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ပါတီရုံးချုပ်အသစ်ကိုလည်း  ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။