ရိုဟင်ဂျာအရေး ဆွေးနွေးပွဲ မီဒီယာကို ဖိတ်ကြားရှင်းလင်း


2018.02.27
rohingya-reporting-pulizer-center-622.jpg “မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး” အမည်ရှိတဲ့ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ Pulizer Center မှာ ကျင်းပစဉ်
Photo: RFA

“မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ “ကမ္ဘာ့ပဋိပက္ခများ သတင်းရေးသားတင်ပြရေး ပူလစ်ဇာစင်တာ”မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ပူလစ်ဇာစင်တာဌာနက ထောက်ပံ့ထားတဲ့ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ Doug Clark နဲ့ Nahal Tootsi တို့က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို သွားရောက်ပြီး ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ အကြောင်း၊ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေ အကြောင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ မစ္စတာ ကလာ့ခ်ဟာ သတင်းမီဒီယာ ၄ ခုမှာ ရိုဟင်ဂျာ မွတ်စလင် တွေနဲ့ ပတ်သက်လို့ ဆောင်းပါးရှည်တွေ ရေးသားခဲ့သူဖြစ်ပြီး မောင်တောဒေသမှာ အမှန်တကယ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းရှိ မရှိ လေ့လာထောက်လှမ်း ရေးသားနေသူလို့လည်း သိရပါတယ်။

သတင်းထောက် မစ္စတာ ကလာ့ခ်က ပြဿနာတွေ အပြည့်တွေရှိနေတဲ့ မြန်မာနိုင်ငံ အနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဓာတ်ပုံတွေကို ပြသခဲ့ပြီး မစ္စ တွတ်စီကတော့ မကြာခင် အမေရိကန်ထုတ် Politico မဂ္ဂဇင်းမှာ ဖော်ပြတော့မယ့် သူမရဲ့ ရိုဟင်ဂျာ ပြဿနာအကြောင်း ဆောင်းပါး၊ ရန်ကုန်မြို့အတွေ့အကြုံ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်တွေရဲ့ဘဝ စတာတွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဒီပွဲကို ဝါရှင်တန် သတင်းစာပညာအသိုင်းဝိုင်းက လူပုဂ္ဂိုလ် ၄ဝ ခန့် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။