မီးသဂြုႋဟ်စရိတ် တိုးမြှင့်ကောက်ခံမှု နာရေးကူညီမှုအသင်း လုပ်ငန်းတွေ ထိခိုက်


2015.12.30
hteinpin-cemetery-620.jpg ရန်ကုန်မြို့ ထိန်ပင်သုသာန်ကို တွေ့ရစဉ်
Photo: Internet

ရန်ကုန်မြို့တော် စည်ပင်သာယာဌာနက မီးသဂြုႋဟ်စရိတ်တွေ တိုးမြှင့်ကောက်ခံတဲ့အတွက် နာရေးကူညီမှု အသင်းတွေအနေနဲ့ အခက်အခဲတွေ့နိုင်ပြီး၊ တချို့ပိတ်သိမ်းရမယ့် အခြေအနေရှိတယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာဌာနက တိုးမြှင့်လိုက်တဲ့ မီးသဂြုႋဟ်စရိတ် နှုန်းထားသစ်တွေအရ  လူကြီး တစ်လောင်းကို ၂၀၀၀ကျပ်မှ ၄၀၀၀တို့ တိုးမြှင့်လိုက်တာဖြစ်ပြီး ခလေးကိုတော့ ၁၀၀၀ကျပ်မှ ၂၀၀၀ ကျပ်အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ အခုလို နိုင်ငံတကာမှာ လောင်စာဆီဈေးနှုန်း ကျဆင်းနေချိန် ဈေးမလျှော့ပေးဘူး ဆိုရင်တောင် ပြည်သူကို ငဲ့ညှာတဲ့အနေနဲ့ မတိုးမြှင့်သင့်ဘူးလို့ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

"တကယ်မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်တော့ တက်ဖို့မသင့်ဘူးပေါ့နော်၊ ကမ္ဘာ့ရွှေဈေး ကျနေတဲ့ အချိန်ပေါ့၊ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ဆိုရင်တော့ တက်ဖို့မသင့်ဘူးပေါ့၊ ဒါပေမဲ့ ဘာဖြစ်လို့တက်သလဲဆိုရင်တော့ ကျမလည်း မပြောတတ်ဘူးရှင့်၊ အစိုးရကတော့ တက်သွားတာပဲ၊ အစိုးရဘက်က ဈေးကိုတက်မယ့်အစား လျော့ပေးသင့်တာပေါ့"

လက်ရှိအနေနဲ့ ရန်ကုန်မြို့မှာ နာရေးကူညီမူအသင်း ရန်ကုန်ဖွဲ့စည်းပြီးနောက် လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အလိုက် နာရေးကူညီမှုအသင်းတွေ ထပ်မံဖွဲ့စည်းလျက်ရှိရာမှာ အသင်းစုစုပေါင်း ၁၀သင်းကျော်ရှိနေပြီဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသင်းပေါင်း ၁၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးရှိ သာရေးနာရေးအသင်းအားလုံးဟာ ဝန်ဆောင်မူလုပ်ငန်းတွေကို လုပ်အားပေးတွေနဲ့ အခမဲ့လုပ်ဆောင်ပေးနေတာပါ။ အဖွဲ့အားလုံးဟာ အလှူရှင်တွေရဲ့ အလှူငွေထည့်ဝင်မှုအရ  အကန့်အသတ်နဲ့ ဆောင်ရွက်နေရတာဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

ဒေါ်ရွှေဇီးကွက်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။