မြန်မာနိုင်ငံကို တရားမဝင် ပစ္စည်းတင်သွင်းသည့် ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ

စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံကို Kenn Borek Air Ltd လို့ ခေါ်တဲ့ ကနေဒါနိုင်ငံအခြေစိုက် လေယာဉ်ကုမ္ပဏီက ၂၀၀၇ နိုဝင်ဘာလမှာ လေယာဉ် အစိတ်အပိုင်းတွေ ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနေ့က ကနေဒါ တရားရုံးတခုမှာ စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။

2010.12.15
twin_otter_aircraft_305_z.png ကနေဒါနိုင်ငံ de Havilland Canada ကုမ္ပဏီမှ ထုတ်လုပ်သော DHC-6 တွင်အော်တာ လေယာဉ်သည် ခရီးသည် ၂၀ တင်ဆောင်နိုင်ပြီး ပြေးလမ်းတိုဖြင့် ဆင်းတက်နိုင်ပါသည်။ (Photo: MilborneOne/WikiMedia)
(Photo: MilborneOne/WikiMedia)

DHC-6 အမျိုးအစား တွင်အော်တာလေယာဉ်နဲ့ အခြား လေယာဉ် အစိတ်အပိုင်း ၁၄၉ ခု ရောင်းချခဲ့တဲ့ အထောက်အထားတွေကို နှစ်နှစ်ကျော်ကြာအောင် စုံစမ်း ထောက်လှမ်းခဲ့ရတယ်လို့ ကနေဒါသွင်းကုန် ထုတ်ကုန် ကြီးကြပ်ရေးအေဂျင်စီ (CBSA) ရဲ့ပြောခွင့်ရသူ Sean Best က ပြောပါတယ်။

ကျနော်တို့ ဒီအမှုကို ဖိအားပေး ဆောင်ရွက်နေတာပါ။ အခုတော့ တရားရုံးတင်နိုင်ပါပြီ၊ ဒီကနေ့ အမှုကို စတင် ကြားနာစစ်ဆေးနေပါပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ တရားရုံးက မစီရင်၊ မဆုံးဖြတ်ရသေးခင် ထုတ်ပြောလို့ မရသေးပါဘူးလို့ သူက ပြောသွားပါတယ်။

လေယာဉ်ပစ္စည်းတွေ တင်ပို့ ရောင်းချမှုမှာ အဓိကတာဝန်ရှိတဲ့ ကုမ္ပဏီ မန်နေဂျာဟောင်းကိုလည်း တရားစွဲဆို ထားပါတယ်။ အမှုထင်ရှားရင် အကောက်ခွန် ဥပဒေအရ ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသိန်း သို့မဟုတ် ထောင်ဒဏ်ငါးနှစ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ဖွယ်ရှိတဲ့အပြင် ကုန်ပစ္စည်းတင်ပို့မှု ဆိုင်ရာ ဥပဒေအရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

လေယာဉ်ကုမ္ပဏီအမှု
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။