မြန်မာခေါင်းဆောင်တဲ့ အတုဂိုဏ်း မလေးရှားမှာ ဖမ်းမိ


2017.04.01

မလေးရှားနိုင်ငံ ကွာလာလမ်ပွာမြို့မှာ မြန်မာနိုင်ငံသားတဦး ခေါင်းဆောင်တဲ့ မှတ်ပုံတင် စာရွက်စာတမ်း အတုဂိုဏ်းတခုကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မနေ့က ထုတ်ပြန်ပြောကြားပါတယ်။ အဲဒီ နိုင်ငံခြားသား ၈ ဦးပါတဲ့ အဖွဲ့ဟာ ခရီးသွားဧဂျင်စီနဲ့တွဲထားတဲ့ စားသောက်ဆိုင်တခုကို ဟန်ပြဖွင့်ထားပြီး E-Card လို့ခေါ်တဲ့ နိုင်ငံခြားအလုပ်သမား ယာယီမှတ်ပုံတင်ကဒ်၊ UNHCR ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အသိအမှတ်ပြုကဒ်၊ နိုင်ငံကူးလက်မှတ်၊ မလေးရှား ယာဉ်မောင်းလိုင်စင် စတာတွေကို အတုပြုလုပ်ရောင်းချနေတာ သုံးနှစ်ကြာပြီလို့လည်း လူဝင်မှုဌာန ညွန်ကြားရေးမှူးချုပ် Mustafar မူစတာဖါ ကပြောပါတယ်။

အဲဒီ ဂိုဏ်းခေါင်းဆောင်ကို Dr. Harun လို့ ခေါ်ဆိုကြကြောင်း၊ သူတို့အတုပြုလုပ်တဲ့ မှတ်ပုံတင်စာရွက်စာတမ်းတွေ ဟာ အစစ်နီးပါး ကောင်းမွန်ပြီး မလေးရှား ရင်းဂစ်ငွေ ၅ဝဝ ကနေ ၅ဝဝဝ အထိပေးရကြောင်းနဲ့ သူတို့ကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ ၂၃ ရက်နေ့ အတွင်း ဖမ်းဆီးခဲ့ကြောင်းလည်း လူဝင်မှု အရာရှိက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။