ဖွဲ့စည်းပုံဥပဒေ မပြင် ဖို့ ပြောတာတွေ နားမယောင်နဲ့ လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2014.06.01
dassk-tatkon-305 တပ်ကုန်းမြို့ ဇွန်လ ၁ ရက်နေ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောစဉ်
Photo: Win Naung Toe, Myo Thant Khaing/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် နိုင်ငံ မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြော ဆိုနေ တာကို နားမယောင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော လိုက်ပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ် ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မလိုလားလို့ ဒါ့ထက်ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေရှိတယ်ဆိုပြီးတော့ ပြောကြပါစေ၊ ဥပမာ ဆိုပါစို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး အရေးပါကြောင်း ကျမတို့ သိပါတယ် ၊ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိပဲနဲ့ သာယာ မှှုမရှိနိုင်ဘူး၊ တိုးတက်မှှုမရှိနိုင်ဘူး ဒါကျမတို့ သဘောပေါက်တယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရှိဖို့ကို ကျမတို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်း လဲဖို့ လိုတယ်ဆိုတာ ကျမတို့ပြည်သူလူထုကို သိစေချင်ပါတယ် ဒါကြောင့် နားမယောင်ပါနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလို့ရှိရင် ဒီနိုင်ငံမှာ မတည်ငြိမ်မှှုတွေရှိမယ်လို့ ပြောတဲ့လူတွေကိုလည်း နားမယောင်ပါနဲ့ အဲ့ဒီလို ပြောတဲ့ပုဂ္ဂိုလ်များဟာ တကယ်တော့ မတည်ငြိမ်အောင် လုပ်ချင်လို့ပြောနေ တာပဲ ဆိုတာ သေသေချာချာမှတ်ထားကြ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့တွေ မှာ ပြင် ဆင်ရေးအတွက် ထောက်ခံကြတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဟောပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တပ်ကုန်းမြို့အဝင်မှာ ပုဒ်မ ၄၃၆ မပြင်ရေးအတွက် ဆန္ဒပြသူတချိုရှိခဲ့ပြီး အဲဒီအထဲက လူတချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစကားပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲနဲ့ ပတ်သက်ပြီး သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြချက်ကို နား ဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။