ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များ ကော်မရှင် တိုးချဲ့ ဖွဲ့စည်း


2016.03.07
shwemann-commission-620.jpg ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Thura U Shwe Mann(Facebook)

ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို  အဖွဲ့ဝင် ၃၅ ဦး နဲ့ ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် မူလက ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်အဆင့် ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဒီနေ့ ရုပ်သိမ်းလိုက်ပါတယ်။

စောစောပိုင်းက ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းခဲ့တဲ့ ၂၃ ဦးပါ ကော်မရှင်ဟောင်းကို ရုပ်သိမ်းကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ အစည်းအဝေးမှာ ကြေညာခဲ့တာပါ။

"အဖွဲ့ဝင် ၂၅ ဦးပါဝင်သော ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မ ရှင် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြေညာစာအမှတ် ၃ဝ/၂ဝ၁၆ ဖြင့် ဖွဲ့စည်းခဲ့ပါတယ်၊ ဒါ့ကြောင့် ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၁.၃.၂၀၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ရုံး၏ အမိန့်ကြေညာစာအမှတ် ၃၇/၂ဝ၁၆ ဖြင့် ရုပ်သိမ်းကြောင်း လွှတ်တော်သို့ အသိပေးတင်ပြအပ်ပါသည်"

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်အသီးသီးကို အကြံပြုတင်ပြဖို့နဲ့ အထူးကိစ္စ ရပ်တွေ ပေါ်ပေါက်လာတဲ့အခါ ဥပဒေရေးရာရှုထောင့်ကနေ လေ့လာသုံးသပ်ပြီး လွှတ်တော်ဥက္ကဌတွေထံ တင်ပြဖို့ တာဝန်ရှိကြောင်း သိရပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းအတွက်သာ ဖွဲ့စည်းခဲ့တာဖြစ် ပြီး ဒီတစ်ကြိမ်မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ အားလုံးအတွက် သက်ဆိုင်မှုရှိမှာဖြစ်ပါတယ်။

ကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ် လေးဦးနဲ့ သူရဦးရွှေမန်းအပြင် ဦးဇော်မြင့်ဖေ၊ ဦးမောင်တိုး၊ ဦးကြည်သာ၊ ဦးအေးမောက်၊ ဦးတင်မောင်ဦး စတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်းတချို့နဲ့ အငြိမ်းစားအစိုးရ ထိပ်တန်းအရာရှိတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။