ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး

လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့က မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ်ကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။

2010.11.19
un_flags_305_z.jpg အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမႝာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ရွေးကောက်ပွဲအပြီး အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပေမဲ့ အသေးစိတ် ပြောဆိုတဲ့ အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ရွေးကောက်ပွဲမှာ စစ်အစိုးရက မသမာမှုတွေ ဗြောင်ကျကျလုပ်ခဲ့တာ၊ နိုင်ငံတကာ သတင်းထောက်တွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေကို ဝင်ခွင့်မပေးတာ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးအရ တင်းမာလာတဲ့ အခြေအနေတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီအနေနဲ့ စိုးရိမ်မကင်းဖြစ်တာ တွေ့ရတယ်လို့ အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါအပြင် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ကျင်းပတဲ့ ဆွေးနွေးပွဲမတိုင်ခင် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကြောင့် ဆွေးနွေးတဲ့အချက်တွေကို သတင်းမီဒီယာတွေကို ထုတ်မပြောပါဘူးဆိုတဲ့ သဘောတူညီချက်နဲ့ အစည်းအဝေး ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-19 02:19

i heat chain

Anonymous
2010-11-19 16:04

becarefull china powwer-mad to cover on the World. American can't stop it.

Anonymous
2010-11-20 15:29

China will never let go Myanmar because gateway to Indian Ocean.