အင်တာနက်သတင်းပိတ်ပင်မှု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်ု
2011.02.16

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့တော်ရှိ နာမည်ကျော် ဂျော့ချ် ဝါရှင်တန် တက္ကသိုလ်မှာ ပြောသွားတဲ့ သူ့ရဲ့မိန့်ခွန်းမှာ အီဂျစ်၊ အီရန်၊ ဆီးရီယား၊ တရုတ်နဲ့ မြန်မာနိုင်ငံတွေမှာ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ အကြောင်း ပြောကြားရင်း အာဏာရှင် အစိုးရတွေအနေနဲ့ နိုင်ငံသူနိုင်ငံသားတွေကို အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ပေးဖို့ လိုအပ်ကြောင်း မစ္စစ် ကလင်တန်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းအင်တာနက် ဝက်ဘ်ဆိုက်တွေကို ဖွင့်လို့ မရအောင် နှောင့်ယှက် တိုက်ခိုက်တာတွေ ရှိကြောင်း။ ကျူးဘားမှာဆိုရင် ပြည်ပက အင်တာနက် စာမျက်နှာတွေကို ကြည့်လို့ မရအောင် ပိတ်ပင်ထားကြောင်း။ ဗီယက်နမ်မှာတော့ အစိုးရကို ဝေဖန်တဲ့ ဘလော့ဂါသမားတွေကို ဖမ်းဆီးနှိပ်စက် ထိန်းသိမ်းတာတွေ ရှိနေကြောင်း သူက ပြောသွားပါတယ်။
ဒါ့အပြင် တရုတ်အစိုးရက အင်တာနက် စာမျက်နှာတွေကို တင်းတင်းကျပ်ကျပ် စိစစ် ဖြတ်တောက်တာကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေ;ဝန်ကြီးရဲ့ မိန့်ခွန်းမှာ အင်တာနက် လွတ်လပ်ခွင့်အပေါ် ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဆန္ဒတွေကို အာဏာရှင် အစိုးရတွေ အနေနဲ့ အချိန်အကြာကြီး ပိတ်ပင်ထားလို့ မရဘူးဆိုတာကို သတိပေး ပြောကြားသွားပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |