ပြုပြင်ပြောင်းလဲရင် ပူးတွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အမေရိကန်ပြော
2012.01.15

US State Department
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား လွတ်မြောက်လာမှုအပြင် တခြား ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာအစိုးရနဲ့ သံတမန် ဆက်ဆံရေးကို အဆင့် မြှင့်လိုက်ပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရေး၊ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေး နီးကပ်နေတာကိုလည်း စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မနေ့က ထပ်မံ ပြောဆိုလိုက်ပါတယ်။