မြန်မာ့ဒီမိုကရေစီရေး ဖိအားပေးဖို့ အိန္ဒိယကို ကလင်တန် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံက ကြိုးပမ်းပေးဖို့ အိန္ဒိယကို ခရီးရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။

2011.07.20
clinton-india2-305.jpg အိန္ဒိယနိုင်ငံကို ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ချင်နိုင်မြို့ရှိ Anna Centenary စာကြည့်တိုက်တွင် စကားပြောနေစဉ်တွေ့ရပုံ။ အာရှပစိဖိတ်ဒေသ၏ အနာဂတ် အသွင်ကူးပြောင်းရေး အတွက် အိန္ဒိယနိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး ဟီလာရီ ကလင်တန်က တိုက်တွန်းခဲ့သည်။
AFP

အိန္ဒိယ အစိုးရ အနေနဲ့ အာရှ ပစိဖိတ်ဒေသ အတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပေးဖို့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို လူသိရှင်ကြား ဝေဖန်ထောက်ပြဖို့ ကိစ္စတွေဟာ အိန္ဒိယနိုင်ငံရဲ့ တာဝန်ဖြစ် ကြောင်း မစ္စက် ကလင်တန်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ ရေးရာ အကျိုးစီးပွားတွေ ရှိနေတယ်ဆိုတာ နားလည် သဘောပေါက်ကြောင်း၊ ဒါပေမယ့် မြန်မာ အစိုးရနဲ့ ထိတွေ့ဆက်ဆံရင်း တဖက်က ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်ပေးရေး ကိစ္စတွေကိုလည်း ပြောကြား တောင်းဆိုသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ အိန္ဒိယနဲ့ အမေရိကန် နိုင်ငံ တွေဟာ ဒေသတွင်း တခြားနိုင်ငံတွေနဲ့ အတူ ရေကြောင်း ဆိုင်ရာ လုံခြုံရေး တိုးမြင့်ဖို့နဲ့ ပင်လယ် ဓားပြ တိုက်ဖျက်ဖို့ ပူးတွဲ ကြိုးပမ်းနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မစ္စက်ကလင်တန်ဟာ အိန္ဒိိယနိုင်ငံ ကနေ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ARF အစည်းဝေးကို တက်ရောက်ဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။