တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်မှု အချုပ်အခြာအာဏာ ထိခိုက်ကြောင်း ဒုဝန်ကြီးပြော


2015.01.14
logging-305.jpg ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင်သစ်ခုတ်ယူနေစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခိုးထုတ်တာဟာ တိုင်းပြည်ရဲ့ သယံဇာတ ဆုံးရံှုးတဲ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးခံရတာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က Grand Amara Hotel မှာ ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ သစ်ကုန်သွယ်မှု၊ စီမံအုပ်ချုပ်မှုနဲ့ လုပ်ထုံးလုပ်နည်းစနစ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တန်ဖိုးမြင့် သစ်အချောထည်တွေကို တိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ပြီး သစ်ထုတ်လုပ်မှုတွေ ကို ပြည်တွင်းအတွက်သာ အဓိကထားထုတ်လုပ်သွား မှာဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြောခဲ့ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့စဉ်မှာ သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၃၂ ဦး၊ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့အတူ သစ်မျိုးစုံ အလုံးပေါင်း ၁၃၀၀ ကျော်၊ မူးယစ်ဆေးဝါးတွေ၊ မော်တော်ယာဉ်တွေနဲ့ စက်ယန္တရားငါးရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။