တရုတ်မှာ အွန်လိုင်း လိမ်လည်မှု ကိုင်တွယ်စီရင်ရေး ရာခိုင်နှုန်း တိုးလာ

RFA Burmese
2025.03.08
တရုတ်မှာ အွန်လိုင်း လိမ်လည်မှု ကိုင်တွယ်စီရင်ရေး ရာခိုင်နှုန်း တိုးလာ မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများကြား ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တရားခံ ၃၁၃ ဦးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့စဉ်။
Myanmar Military

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်း နှိမ်နင်းရေးအရှိန်မြှင့် ဆောင်ရွက်ချိန်မှာ တရုတ် တရားရုံးတွေဟာ ဆက်သွယ်ရေးနဲ့ အွန်လိုင်း လိမ်လည်မှုပေါင်း လေးသောင်း လောက်ကို မနှစ်က ကိုင်တွယ် စစ်ဆေးခဲ့ရပြီး ဒါဟာ ၂၀၂၃ ကထက် ၂၆ ဒသမ ၇ ရာခိုင်နှုန်း ပိုများတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေက လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံက တစ်ဆင့် တရုတ်နိုင်ငံကို ပြန်ပို့ဆောင်ပြီးတဲ့နောက် မတ် ၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြတာပါ။ ဘေဂျင်းမှာ တရုတ်အမျိုးသား ကွန်ဂရက် အစည်းအဝေးကျင်းပချိန်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှုမှာ ဆက်နွယ်ပတ်သက်သူ ၈၂,၀၀၀ ကိုစစ်ဆေးခဲ့ပြီး အဲဒီထဲက လူပေါင်း ၇၈,၀၀၀ ကို တရားစွဲဆိုခဲ့တယ်လို့ ပြည်သူ့ရှေ့နေချုပ်ရုံးက ပြောပါတယ်။ တရားစွဲဆိုမှုဟာ ၂၀၂၃ ကထက် ၅၃.၉ ရာခိုင်နှုန်း ပိုများပါတယ်။ အစီရင်ခံစာမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်တဲ့ မြန်မာနိုင်ငံအခြေစိုက် ကိုးကန့် မင်မိသားစု ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၃၉ ယောက်ကို ကျဲ့ကျန်းပြည်နယ် အစိုးရရှေ့နေတွေက တရားစွဲဆိုတာကိုလည်း အသားပေး ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။