အမေရိကန် ပြည်ထောင်စုမှာ ချင်းအမျိုးသားနေ့ ကျင်းပ
2011.02.20
ချင်းတိုင်းရင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး Ko Mamg Kai က ဒီပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“ကိုလိုနီနယ်ချဲ့ အုပ်ချုပ်တဲ့ အချိန်မှာ ချင်းတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒ မပါဘဲနဲ့ အခွန်ဆောင်တာတို့၊ လုပ်အားပေးခိုင်းတာတို့ရှိတယ်၊ မလိုက်နာတဲ့လူကို ပြင်းပြင်းထန်ထန် အရေးယူခွင့် ရှိတယ်။ ကျနော်တို့ ချင်းပါတီက သဘောမတူတဲ့လူတွေ စည်းဝေးပြီးတော့မှ အဲဒီစနစ် ဖျက်သိမ်းလိုက်တဲ့နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ ဖြစ်တဲ့ စဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်ပြီး အသိအမှတ်ပြု ထားပါတယ်”
ချင်းအမျိုးသားနေ့ကို မြန်မာစစ်အစိုးရ လက်ထက်မှာ ချင်းပြည်နယ်နေ့လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် ပွဲတော် ကျင်းပရာမှာလည်း သတ်မှတ်ချက်တွေ အရသာ ကျင်းပခွင့်ပြုတယ်လို့ Ko Mamg Kai က ပြောပြပါတယ်။
ဖို့ဝိန်းမြို့မှာ မနေ့က မွန်းလွဲပိုင်းမှာ ချင်းအမျိုးသားနေ့နဲ့ မွန်အမျိုးသားနေ့ ကျင်းပ ပြုလုပ်ခဲ့ပြီး ဇေတဝန် ဘုန်းကြီးကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ထမနဲ ထိုးပွဲကို ညဘက်မှာ ဆက်လက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။