ချင်းအမျိုးသားနေ့ အခမ်းအနား NLD ရုံးချုပ်မှာ ကျင်းပ
2011.02.20
အခမ်းအနားမှာ ဇိုမီးကွန်ဂရက်ခေါင်းဆောင် ဦးပူကျင့်ရှင်းထန်က အဖွင့် အမှာစကား ပြောကြားပြီး ချင်းအမျိုးသားနေ့ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကားကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်းနဲ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ချင်းတိုင်းရင်းသား ခေါင်းဆောင် ၃ ဦးရဲ့ မိသားစုတွေကို ချင်းနိုင်ငံရေးပါတီခေါင်းဆောင်တွေက လွတ်လပ်ရေးမော်ကွန်းတင် ဆုတံဆိပ် ချီးမြင့်ခဲ့ဲကြကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
NLD ရုံးချုပ်မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို NLD ခေါင်းဆောင်တွေ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး ညနေစာနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ အခမ်းအနားဟာ ညနေ ၆ နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။