မျိုးစောင့်ဥပဒေကြမ်း ၂ ခုကို ချင်းအမျိုးသားပါတီ ကန့်ကွက်


2014.12.13
chin-party-305.jpg မျိုးစောင့်ဥပဒေကြမ်း ၂ ခုကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ချင်းအမျိုးသားပါတီ သတင်းစာ ရှင်းလင်းစဉ်
Photo: Wai Yan Moe Myint/RFA

လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးမယ့် မျိုးစောင့်ဥပဒေထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနဲ့ မြန်မာ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၂ ခုကို ကန့်ကွက်ကြောင်း ချင်းအမျိုးသား ပါတီက ဒီနေ့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာကျင်းပတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲမှာ ချင်းအမျိုးသား ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ချင်းတိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ချင်းခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့လို ဆွေးနွေးပွဲမျိုးတွေကို နောင်မှာလည်းကျင်းပသွားဖို့ရှိပြီး လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မ ဘ သ )ရဲ့ တောင်းဆိုချက်အရ အစိုးရကရေးဆွဲပြီး လွှတ်တော်ထံ တင်ပြထားတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ ခုဟာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားမှု နှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တစ်လင်တစ်မယားစနစ် ကျင်းသုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။