ဘူးသီးတောင်မြို့ဒေသခံ ၂ဝဝဝ ဘန်ကီမွန်းကို ကန့်ကွက်ဆန္ဒပြ


2014.11.24
rakhine-protest-305.jpg ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တာကို နိုဝင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ဒေသခံတွေ ကန့်ကွက် ဆန္ဒပြကြစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုးအဖြစ် ပြောဆိုသုံးနှုန်းခဲ့တာကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဒေသခံ ၂ဝဝဝ ခန့်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင်ဘက်တစ်ခုတည်းကိုသာ အဓိကထားပြောဆို သွားတာကြောင့် အဲ့ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဘူးသီးတောင် လူမှုကွန်ရက်က ဦးအောင်ကိုကိုက ပြောပါတယ်။

"ဘန်ကီမွန်းကိုလည်း ဒီကသံတမန်မဆန်တဲ့ စကားအသုံးအနှှုန်းတွေ သုံးခဲ့တဲ့အတွက်ကြောင့်မို့ လို့ ပြန်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူပြည်သား အားလုံးကို ပြန်လည်တောင်းပန်ပေးဖို့ ဆိုပြီးတော့ တောင်းဆိုပါတယ်ဗျ၊ ဘန်ကီမွန်းက ဒီခေါင်းစဉ်အောက်ကနေပြီးတော့ သူကသုံးနှှုန်းသွားတဲ့ အတွက်ကြောင့်မို့လို့ ဒီမှာလက်ရှိ ရခိုင်ပြည်နယ်ထဲမှာလုပ်နေတဲ့ အလုပ်အားလုံး သည်ဒီလူတွေကိုပဲ ဦးတည်ချက် ထားနေတယ်၊ ဒီလူတွေကိုပဲ ရည်ရွယ်ချက်ထားလုပ်ပြီးနေတယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ်၊ ဒီဟာလေးကို ထိထိရောက်ရောက်နဲ့ လုပ်ပေးဖို့ဆိုပြီးတော့ ဒီကတောင်းဆိုထားတာလည်း ရှိပါတယ်"

ဆန္ဒပြပွဲကို ဘူသီးတောင်မြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆက်လက်သုံးစွဲမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းက လုပ်ငန်းစီမံချက်တွေကို ရုတ်သိမ်းပေးဖို့တောင်းဆိုတဲ့ စာတစ်စောင်ကိုလည်း UNHCR ရုံးထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။