နှစ်နိုင်ငံနယ်စပ်မှာ မြန်မာတပ်တွေ နေရာယူထား
2018.03.05
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ မြန်မာဘက်က တပ်တွေ နောက်တစ်ကြိမ် ထပ်ပြီး အသင့်နေရာ ယူထားကြပြန်ပြီလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောပါတယ်။
တမ်ဘရူ နယ်စပ်မှာ မြန်မာတပ်ဖွဲ့အင်အား အများအပြား ချထားလာတဲ့အတွက် နှစ်နိုင်ငံ နယ်စပ်မျဉ်း တဝိုက်မှာ ရောက်ရှိနေကြတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ သူတို့ကို နယ်စပ်မျဉ်းကနေ ထွက်ခွာဖို့ မြန်မာဘက် သတိပေးထားပါတယ်။
တနင်္လာနေ့ မနက်ကတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းလှည့်နေတာတွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။
ဒီအတွင်း နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ ရောက်ရှိနေကြသူတွေရဲ့ လုံခြုံရေး စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာရေး အကူအညီတွေ ပေးနိုင်ဖို့ မြန်မာအစိုးရကို ထပ်မံ တောင်းဆို ထားပါတယ်။