ဗကသအဖွဲ့ဝင် အထက်တန်းကျောင်းသူ ထောင်သုံးနှစ် ချခံရ

RFA Burmese
2023.03.31
ဗကသအဖွဲ့ဝင် အထက်တန်းကျောင်းသူ ထောင်သုံးနှစ် ချခံရ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် မဆုသွန်းပိုင်အား တွေ့ရစဉ်။
ဗကသများအဖွဲ့ချုပ်

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် တစ်ဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မဆုသွန်းပိုင်ကို မတ်လ ၃၀ ရက်နေ့ က အင်းစိန်ထောင်တွင်း တရားရုံးက ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ ဗသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။

မဆုသွန်းပိုင်ဟာ အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးထောင်ချခံလိုက်ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး ငါးလအကြာမှာ ထောင်ချမှတ်ခံရတာလို့ ဗကသများအဖွဲ့ချုပ်က အမည်မဖော်လိုတဲ့ အဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံထားရတာ ဟုတ်ပါတယ်။ မရမ်းကုန်းမြို့နယ် တရားရုံးက တရားစွဲဆိုထားတဲ့ အမှုကို မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတာပါ"

မဆုသွန်းပိုင်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ ထုတ်ဖော်မပြောဆို ပါဘူး။

မဆုသွန်းပိုင်ဟာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသူ တစ်ဦးဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ဗကသအဖွဲ့ချုပ်ရဲ့ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀(ည)တို့နဲ့ ထောင်တစ်သက် ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။