ဒေါ်အောင်ဆန်းစုကြည် ပုပ္ပါးဘက်ကို ခရီးထွက်

ရန်ကုန်မြို့ပြင်ပကို ပထမဆုံး အကြိမ် ခရီးထွက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အလည်အပတ် ရောက်ရှိနေတဲ့ သားငယ် ကိုထိန်လင်းနဲ့ အတူ ပုပ္ပါးဘက်ကို ဇူလိုင်လ ၆ ရက်နေ့မှာ ခရီးလှည့်လည် ပါတယ်။

2011.07.06
assk_popa_305_z.jpg ရန်ကုန်မြို့ပြင်ပကို ပထမဆုံးအကြိမ် ခရီးထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်းနဲ့ အတူ ပုပ္ပါးဘက်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ အလည်အပတ် ရောက်ရှိနေပုံ။
AFP/Getty Images

 

ပုပ္ပါး တောင်ကလပ်နဲ့ တောင်မကြီးကို သွားတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ဗိသုကာ ပညာရှင် ဦးခွန်သာမြင့်က ပြောပါတယ်။

 

မနက် ၉ နာရီလောက်မှာ ပုပ္ပါးကို သွားရာမှာ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တယောက် ပိုင်တဲ့ ခြံကို ခဏ ဝင်ရောက် ကြည့်ရှုခဲ့ကြောင်း၊ အဲဒီနောက် ပုပ္ပါးတောင် အမျိုးသား ဥယျာဉ် ပရဆေး စိုက်ခင်း၊ ပြတိုက် စသဖြင့် သွားရောက် ကြည့်ရှုပြီး ပြန်လာခဲ့တာ ဖြစ်ကြောင်း၊ အဓိက ကတော့ သားဖြစ်သူနဲ့ အတူ ခရီးထွက်တဲ့ သဘောသာ ဖြစ်ပြီး အပူပိုင်း ဒေသ ပြန်လည် စိမ်းလန်း စိုပြေရေးကို စိတ်ဝင်စားလို့ ဝင်ရောက် ကြည့်ရှု မေးမြန်းခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က သူသိချင်တာတွေ မေးမြန်းတဲ့ အခါ ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ပြန်လည် ဖြေကြား ကြကြောင်း ဦးခွန်သာမြင့်က ပြောပါတယ်။

 

ပုပ္ပါးကနေ ပုဂံ အပြန်မှာတော့ လမ်းဘေးက ထမင်းဆိုင်လေးမှာ ထမင်းဝင်စားကြတယ် လို့လည်း ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေ လိုက်ပါတဲ့ ကားတန်း နောက်ကနေ တာဝန်ချထား ခံရသူတွေ လိုက်ပါလာတဲ့ ကား ၄-၅ စီးက မပြတ် လိုက်လာတယ်လို့ သိရပါတယ်။

 

လမ်းခရီးမှာ တစုံတရာ အနှောင့်အယှက် မရှိဘဲ အနားမှာ ဝိုင်းလာတဲ့ ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်တယ်လို့ ဦးခွန်သာမြင့်က ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။