ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

2012.05.30
assk-mahachai-b305 ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံ အားပေးစကား ပြောကြားနေစဉ်။
RFA

ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ ရပ်တည်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကားပြောခဲ့သလို သူတို့အားလုံး တနေ့မှာ မြန်မာပြည် ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အိမ်ပြန်လိုကြပါပြီ။ မြန်မာပြည် လွတ်မြောက်ပါစေ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသလို တချို့ကတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။

မြန်မာအလုပ်သမားတွေက သူတို့ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်း မရှိတာကြောင့် ထိုင်းနိုင်ငံမှာပဲ ခက်ခက်ခဲခဲ ရပ်တည်နေရပြီး ကျန်ရစ်တဲ့ မိသားစုတွေကို ထောက်ပံ့နေရကြောင်း သတင်းထောက်တွေကို ပြောကြပါတယ်။

ထိုင်းအစိုးရက မနေ့က သုဝဏ္ဏဘူမိ လေဆိပ်တလျှောက်မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားသလို ဒီကနေ့ မဟာချိုင်မှာလည်း ရဲတပ်ဖွဲ့ အင်အား ၄၀၀ ကို နေရာချထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပုံအကြောင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မြတ်စိုး သတင်းပို့ထားတာ နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။